ရာသက်ပန် ပရဟိတ၀ါသနာရှင်များအသင်း
မင်္ဂလာပါ ရာသက်ပန်ပရဟိတ၀ါသနာရှင်များအသင်းမှ လှိုက်လှဲစွာကြိုဆိုပါတယ်၊ အသင်းဝင်ဖြစ်ပါက log in အားနှိပ်၍ ၀င်ရောက်ပါ၊ အသင်းဝင်အဖြစ်မှတ်ပုံတင်လိုလျှင် Register အားနှိပ်ပါ။
Search
 
 

Display results as :
 


Rechercher Advanced Search

Affiliates

free forum

Forumotion on Facebook Forumotion on Twitter Forumotion on YouTube Forumotion on Google+

September 2017
MonTueWedThuFriSatSun
    123
45678910
11121314151617
18192021222324
252627282930 

Calendar Calendar


အလွမ်းဖြစ်သွားသော အချစ်များ စုစည်းမှု(၂)

View previous topic View next topic Go down

အလွမ်းဖြစ်သွားသော အချစ်များ စုစည်းမှု(၂)

Post by yarthetpan on Sat Aug 23, 2014 9:41 pm

ကံမကောင်းတာကို အကြောင်းပြု
ငါလုပ်တဲ့ အမှုက
သူ့ကို ခဏခဏ လွမ်းမိတာ။ ။

ဖြစ်တာ ပျက်တာ အချိုးချတော့
မောဟတွေ တိုးလို့
ခဏခဏ ငါ သက်ပြင်းချ။ ။

တကယ်ဆို အရင်လို မဟုတ်
ခုချိန်တော့ ပြောင်းလဲလာခဲ့တာ
ဒါ… ဒါ ငါ့စိုးရိမ်မှုလို့ ထင်ခဲ့တာ
မဟုတ်လေတော့ဘူး ခုတော့ ငါတကယ်ရူး။ ။

ဟူး…. အသက်ရှုသံပြင်းပြင်းနဲ့ ညတွေ
အိပ်မက်ဆိုးတွေနဲ့ ငါ့ ကံကြမ္မာဆိုးတွေနဲ့
ဟိုဘက်လူးလိုက် ဒီဘက်လိမ့်လိုက်
နောက်ဆုံးတော့ ငါ့အသည်းမှာ ဒါဏ်ရာ။ ။

မင်းအတွက် ကံမကောင်းတဲ့ ငါ
အချစ်နဲ့ အကြောင်းမလှတဲ့ ငါ
ရေးထိုးတဲ့ သစ္စာ စာသားတွေ
အသည်းထဲ တကယ် စိုက်သွားတယ်
အဆိပ်ဖြစ်လို့ ဘယ်လိုမှ သုံးမရအောင်
စုတ်ပြတ်သပ်သွားပါပြီ မိန်းကလေးရယ်။ ။

အချစ်နဲ့ ငါနဲ့ အလွဲများ၊
ခံစားချက် စတေးတဲ့ ညများ၊
ဒုက္ခကို ဆေးဆိုးလို့ မြိုချတဲ့ စိတ်ကူများ၊
နောက်ဆုံးတော့ ရူးသွပ်ခဲ့ရ အချိန်များက
မင်း ပျော်ရွှင်မှုတွေနဲ့ အလှဲအထပ် ရိုက်လိုက်တာပါပဲလေ။ ။
avatar
yarthetpan
Admin

Posts : 40
Join date : 2014-08-12
Age : 28

Character sheet
ပျော်ရွှင်ချမ်းမြေ့ပါစေ:
0/0  (0/0)

View user profile http://www.yarthetpan.4ulike.com

Back to top Go down

View previous topic View next topic Back to top


 
Permissions in this forum:
You cannot reply to topics in this forum