ရာသက်ပန် ပရဟိတ၀ါသနာရှင်များအသင်း
မင်္ဂလာပါ ရာသက်ပန်ပရဟိတ၀ါသနာရှင်များအသင်းမှ လှိုက်လှဲစွာကြိုဆိုပါတယ်၊ အသင်းဝင်ဖြစ်ပါက log in အားနှိပ်၍ ၀င်ရောက်ပါ၊ အသင်းဝင်အဖြစ်မှတ်ပုံတင်လိုလျှင် Register အားနှိပ်ပါ။
Search
 
 

Display results as :
 


Rechercher Advanced Search

Affiliates

free forum

Forumotion on Facebook Forumotion on Twitter Forumotion on YouTube Forumotion on Google+

April 2018
MonTueWedThuFriSatSun
      1
2345678
9101112131415
16171819202122
23242526272829
30      

Calendar Calendar


ကြိုးမိန့်

Go down

ကြိုးမိန့်

Post by yarthetpan on Sat Aug 16, 2014 9:46 am

ပန်းတွေကြွေရင်
မြေကျသတဲ့
ကြယ်တွေကြွေရင်
ဘယ်ကို ခမှာလဲ
မင်းခြေခဲ့တဲ့ ငါ့နှလုံးသားတော့
တစ်စစီ ကြေမွလို့ သွားခဲ့ပြီ

ချင့်ချိန်နိုင်စွမ်း ရှိတဲ့
ဦးနှောက်တောင်
မင်းအပြုံးတွေ လာလာစစ်ခင်းတိုင်း
အသိတရားတွေ တရိရိခြစားလို့
ဆင်ခြင်တုံတရားတွေ
တဖြည်းဖြည်းနဲ့ ပါးလျလာပြီ

မာယာအပြည့်နဲ့ မင်းရဲ့ဗျုဟာတွေအောက်မှာ
ငါ့ရင်ခုန်သံတွေ နစ်မြောလို့
မုသားစွက်တဲ့ မင်းရဲ့စကားလုံးတွေအောက်မှာ
ငါ့အချစ်တွေ စီးဝင်လို့
အဆိပ်ခပ်ထားတဲ့ ရယ်သံချိုချိုတွေအောက်မှာ
ငါ့မာနတွေ အရည်ပျော်လို့
ဟန်ဆောင် အကြင်နာတွေအောက်မှာ
ငါ့ယုံကြည်ခြင်းတွေ ပုံအပ်လို့
ပိုက်ကွန်လို မင်းရဲ့အကြည့်နက်နက်မှာ
မက်မောစွာ ငါငြိတွယ်လို့

အချစ်ဆိုတာ စီးချင်းတိုက်ပွဲ
ဖြစ်ခဲ့မယ်ဆိုရင်
မင်းဟာ
ထူးချွန်ပြောင်မြောက်တဲ့
စစ်သည်တော်၁ဦးပါ
ငါကတော့ စစ်မထွက်ခင်ထဲက
အလဲလဲ အကွဲကွဲ
ရှုံးနိမ့်ပြီးသား

အခုဆိုကြည့်
ငါ့နှလုံးသားက ယစ်ပုလင် ထက်မှာ
မိန့်မိန့်ကြီး ပြုံးလို့
တစ်ချိန်ချိန် ကြိုးမိန့်ပေးမှာ သိရက်နဲ့
ရူးရူးမိုက်မိုက် ကျေနပ်လို့ ... ... ...
avatar
yarthetpan
Admin

Posts : 40
Join date : 2014-08-12
Age : 28

Character sheet
ပျော်ရွှင်ချမ်းမြေ့ပါစေ:
0/0  (0/0)

View user profile http://www.yarthetpan.4ulike.com

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum