ဖိနပ်လေးတစ်ရံရွေးတဲ့အခါ
ဖိနပ်လေးတစ်ရံရွေးတဲ့အခါ
ဖိနပ်ကိုအမျိုးမျိုးသောဝတ္ထုပစ္စည်းတွေနဲ့လုပ်ကြတယ်။အလွယ်ဆုံးနဲ့အရှင်းဆုံးဖိနပ်ကငှက်ပျောရွက်နဲ့လုပ်တာဖြစ်နိုင်သလို
တန်ဖိုးအကြီးဆုံးနဲ့ အရှားပါးဆုံးက
စင်ဒရဲလားရဲ့လက်လက်ထနေတဲ့ဖိနပ်လည်းဖြစ်နိုင်တယ်။ဘယ်လိုဖိနပ်မျိုးဖြစ်ဖြစ်
အဓိက,ကခြေထောက်နဲ့တော်ဖို့၊ကိုက်ညီဖို့ဖြစ်ပြီးဘယ်လိုအိမ်ထောင်ရေးမျိုးဖြစ်ဖြစ်အဓိက,ကစည်းချက်ညီဖို့နဲ့သဟဇာတဖြစ်ဖို့ပဲ
ဖြစ်ပါတယ်။
ထက်မြက်တဲ့ယောက်ျားနဲ့ ထက်မြက်တဲ့ မိန်းမတို့ရဲ့
အိမ်ထောင်ရေးကနာမည်ကြီးတံဆိပ် ဖိနပ်နဲ့တူတယ်။
လှပပြီးအဖိုးတန်သလိုကြည့်လိုက်တာနဲ့လူကိုကြည်နူးစေတယ်။ဒါပေမယ့်တန်ဖိုးကြီးမားပြီးလှပတာကြောင့်ရွံ့အပေမခံဘူး။
ရွံ့နည်းနည်းပေတာနဲ့ ကြည့်ရရုပ်ဆိုးတာကြောင့်အမြဲတမ်းဂရုတစိုက်
ပြုပြင်ထိန်းသိမ်းပေးရတယ်။တန်ဖိုးထားရတယ်။
ငယ်ပေါင်းကြီးဖော်အိမ်ထောင်ရေးက အဝတ်စနဲ့ချုပ်ထားတဲ့ ဖိနပ်နဲ့တူတယ်။
ရိုးရှင်းပြီးတန်ဖိုးမကြီးပေမယ့်စီးလို့ကောင်းတယ်။ကြည့်လိုက်တာနဲ့ပေါ့ပါးပြီးသွက်လက်စေတယ်။တခြားလူယူသွားမှာလည်း
စိုးရိမ်စရာမလိုဘူး။ဒါပေမယ့် စီးတဲ့အချိန် သိပ်လျောလျောရှူရှူ
ဖြစ်မနေတတ်ဘူး။
ဆင်းရဲဒုက္ခကို အတူတကွဖြေရှင်းတဲ့ အိမ်ထောင်ရေးက အားကစားဖိနပ်နဲ့တူတယ်။
ပုံစံဆန်းပြီးစီးရတာလည်းသက်တောင့်သက်သာရှိတယ်။အကောင်းဆုံးအချက်ကလေဒဏ်၊မိုးဒဏ်၊ရွံ့နွံ့ဒဏ်ကိုခံရလည်း
ဖိနပ်အောက်ခံ ပျက်စီးသွားတာမျိုးမရှိဘူး။ စီးလိုက်တိုင်း
ခြေထောက်နဲ့တသားတည်း အံဝင်ခွင်ကျဖြစ်နေတတ်တယ်။
ဒါကြောင့် ဘယ်လိုဆူးခင်းလမ်း၊ ခရောင်းတောလမ်းပဲဖြစ်ဖြစ်
ခြေထောက်ကိုမပွန်းပဲ့စေဘဲ တာရှည်ခိုင်မြဲစေပါတယ်။
ရိုမန်တစ်ဆန်တဲ့ အိမ်ထောင်ရေးက အကဖိနပ်နဲ့တူတယ်။
ပေါ့ပါး၊တက်ကြွပြီးကြော့ရှင်းတယ်။ဒါပေမယ့်ပြောင်ချောတဲ့အကခွင်ကြမ်းပြင်ကခွါတာနဲ့ဒီလိုဖိနပ်မျိုးကစီးလိုအသုံးမဝင်တော့သလို
စီးရတာလည်း ခက်သွားပါတယ်။
စီးပွါးဆန်အိမ်ထောင်ရေးက အပြေးဖိနပ်နဲ့တူတယ်။
လှမ်းတဲ့ခြေလှမ်းနောက်ထပ်ကြပ်မခွါလိုက်ပြီးစောင့်ရှောက်တယ်။အောင်မြင်မှုတွေဆွတ်ခူးတယ်။ဒါပေမယ့်စီးပွါးရေးပြေးလမ်းက
ခွဲထွက်သွားတာနဲ့ စီးလို့မကောင်းတော့ပါဘူး။
အသက်ကြီးတဲ့ယောက်ျားနဲ့ အသက်ငယ်တဲ့မိန်းမတို့ရဲ့
အိမ်ထောင်ရေးကခုံမြင့်ဖိနပ်ဖြစ်တယ်။
ခရီးဝေးအတွက် စီးလို့မသင့်လျော်ပေမယ့်ကြည့်ရတာထူးခြားတယ်။
အသက်ကြီးတဲ့မိန်းမနဲ့ အသက်ငယ်တဲ့ယောက်ျားတို့ရဲ့
အိမ်ထောင်ရေးကညအိပ်ဖိနပ်နဲ့တယ်။
ကြည့်ရတာ ရယ်ချင်စရာကောင်းနေပေမယ့် စီးရတာအဆင်ပြေတယ်။ချွတ်ရတာလည်း
လွယ်ကူတယ်။ဒီလိုဖိနပ်မျိုးကို အိမ်မှာပဲစီးရအဆင်ပြေတယ်။အပြင်စီးထွက်ရင်
လူပြောစရာဖြစ်တယ်။
ပွင့်လင်းတဲ့အိမ်ထောင်ရေးက လွှာချင်းဖိနပ်(sandal)နဲ့တူတယ်။
ရာသီမရွေးစီးလို့ရတယ်။ခံစားချက်တွေပူနွေးစေတဲ့နွေရာသီမှာခြေထောက်ကိုအေးမြစေတဲ့လွှာချင်းဖိနပ်ကိုစီးထားနိုင်ပြီး
ခံစားချက်တွေအေးခဲ့တဲ့ဆောင်းရာသီမှာ ဖိနပ်ကိုချွတ်ထားလို့ရပါတယ်။
ဖောက်ပြန်တဲ့အိမ်ထောင်ရေးက အိမ်နေစီးဖိနပ်နဲ့တူတယ်။
စီးလို့ကောင်းတယ်၊လွယ်ကူအဆင်ပြေတယ် ဆိုပေမယ့်
အပြင်စီးထွက်လို့မရဘူး၊လမ်းမကြီးပေါ်လျှောက်လို့မရဘူး။ ခရီးဝေးဝေးသွားလို့
မဖြစ်ဘူး။
ငွေမက်တဲ့အိမ်ထောင်ရေးက နိုင်ငံခြားကလာတဲ့
ထိပ်ချွန်ဒီဇိုင်းဆန်းတဲ့ဖိနပ်မျိုးနဲ့တူတယ်။
ကြည့်ရတာ လှပပေမယ့် စီးလို့မကောင်းဘူး။စီးလိုက်တာနဲ့ စီးရအဆင်မပြေဘဲ
ခြေထောက်နာတတ်တယ်။
အတင်းအကျပ်လုပ်တဲ့ အိမ်ထောင်ရေးက သံဖိနပ်နဲ့တူတယ်။
ကြီးလေးပြီးရှေ့ကိုလျှောက်လှမ်းဖို့ ခက်ခဲစေတယ်။ ချွတ်ပစ်လည်း
ခြေကြော၊ခြေရိုးတွေကို နာကျင်စေတယ်။ အသားတွေကို ပွန်းပဲ့စေတယ်။
အားရကျေနပ်ဖို့ကောင်းတဲ့ အိမ်ထောင်ရေးကိုရွေးချယ်တာက
စီးလိုကောင်းတဲ့ဖိနပ်တစ်စုံကို ရွေးယူတာနဲ့တူတယ်။ အဓိက,က
ခြေထောက်ရဲ့အတိုင်းအတာနဲ့ဖိနပ်အတိုင်းအတာ ကိုက်ညီဖို့ဖြစ်တယ်။
ဘယ်လိုခြေထောက်မျိုးက
ဘယ်လိုဖိနပ်မျိုး စီးရင်သင့်တော်မလဲဆိုတာ သိဖို့လိုလိမ့်မယ်။
သက်တောင့်သက်သာရှိတဲ့ ဖိနပ်က ခြေထောက်ကို မပွန်းပဲ့စေဘူး။
ဒါပေမယ့်သက်တောင့်သက်သာရှိတဲ့ဖိနပ်တိုင်းလှပရမယ်လို့မဟုတ်ပါဘူး။ဖိနပ်စီးရတာအဆင်ပြေမပြေစီးတဲ့ခြေထောက်ကပဲသိပါတယ်။
ခရီးဝေးသွားရင်ဖိနပ်စီးမှားမှာကို လူတိုင်းကြောက်ကြတယ်။
အိမ်ထောင်ပြုရင်လူတိုင်းအနှိမ်ကျင့်ခံရမှာကို ကြောက်ကြတယ်။
ဖိနပ်ကခြေထောက်ကိုအရမ်းပွန်းပြီး နာကျင်စေခဲ့ရင် ဖိနပ်အောက်ခြေ
မပါးခင်၊ခြေထောက်လည်း မထိခိုက်ခင် သင့်လျော်တဲ့အသစ်တစ်ရံကို
ပြောင်းလဲသင့်ပါတယ်။
ကိုယ်နဲ့မသင့်လျော်တဲ့ အဖိုးတန်ဖိနပ်ကို စီးထားတာဟာ
ကိုယ့်ကိုနာကျင်အောင်လုပ်တာနဲ့တူတယ်။ သူတစ်ပါးက
ကိုယ့်ရဲ့တန်ဖိုးကြီးလှပတဲ့ဖိနပ်ကိုတွေ့မြင်နိုင်တယ်ဆိုပေမယ့်စီးထားတဲ့ကိုယ့်ခြေထောက်နာကျင်တာကိုကိုယ်ပဲသိပါတယ်။
ခြေထောက်က ဖိနပ်ထက်အရေးပါပါတယ်။
ဒါပေမယ့် တချို့ကတန်ဖိုးကြီးလှပတဲ့ ဖိနပ်ကြောင့် ဒီအချက်ကို မေ့ခဲ့ကြတယ်။
ရေခဲစကိတ်စီးရင် စကိတ်စီးဖိနပ်ကို စီးရတယ်။
နှင်းတောကြားမှာနှင်းဖိနပ်ရှည်ကို စီးရတယ်။ ခရီးဝေးသွားရင်
ခရီးသွားဖိနပ်ကို
စီးရတယ်။လောကကြီးမှာကိုယ်နဲ့သင့်တော်တဲ့ဖိနပ်တွေအများကြီးကိုယ်စိတ်ကြိုက်ရွေးယူနိုင်ပါတယ်။
ခြေထောက်က တစ်စုံပဲရှိတာမို့ကိုယ့်ခြေထောက်နာစေတဲ့ဖိနပ်မျိုး
အရွေးမမှားစေချင်ပါဘူး။
အသက်အရွယ်အကန့်အသတ်တစ်ခုထိခြေထောက်တွေရှည်လျားကြီးထွားနိုင်ပါတယ်။ဒါပေမယ့်ဖိနပ်တွေကမပြောင်းလဲပါဘူး။
ခြေထောက်နဲ့ဖိနပ် ဘယ်အရာကအင်အားကြီးသလဲ? ခြေထောက်ကြီးတယ်လို့ ထင်ပါတယ်။
ဖိနပ်ရိအောင်၊ပွန်းအောင်
ခြေထောက်ကပဲ လုပ်နိုင်ခဲ့ပါတယ်။
အသက်အရွယ်တစ်ခုမှာ ခြေထောက်ဆက်မကြီးထွားတော့တဲ့
အချိန်ကကျွန်တော်တို့ရင့်ကျက်တဲ့အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ
ကိုယ်နဲ့သင့်လျော်တဲ့ဖိနပ်တစ်မျိုးကို ရွေးဖို့အချိန်ကျပါပြီ။
ခြေထောက်တစ်ဖက်ကယောက်ျားဆိုရင်၊ နောက်တစ်ဖက်က မိန်းကလေးဖြစ်ပါလိမ့်မယ်။
ဖိနပ်ကအဲဒီခြေထောက်နှစ်ဖက်ကို တစ်စုံဖြစ်အောင် အတူတကွ
ပေါင်းစည်းလိုက်ပါတယ်။ပြီးတော့ ဘဝခရီးဆုံးခန်းတိုင်ထိ
လျှောက်လှမ်းကြရပါတယ်။
ကိုယ်နဲ့သင့်လျော်တဲ့ဖိနပ်ကမှ ပိုဝေးတဲ့ခရီးကို လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။

yarthetpan- Admin
- Posts : 40
Join date : 2014-08-12
Age : 28
Character sheet
ပျော်ရွှင်ချမ်းမြေ့ပါစေ:(0/0)
Page 1 of 1
Permissions in this forum:
You cannot reply to topics in this forum
» ဖြေကြည့်ပေးပါလား........??????????
» မျက်စိအတွက်လေ့ကျင့်ခန်း
» တရားတော်ဆိုင်ရာ ၀က်ဆိုဒ်များ
» မျက်စိ ကျန်းမာရေးအတွက် ပြုလုပ်သင့်သည့် အချက် ၉ ချက်
» Android ဖုန်းတွေက Password , Pattern Lock, တွေမေ့သွားရင် ဖြေရှင်းပေးနိုင်တဲ့ နည်း
» ဝမ်းဗိုက်အဆီ လျော့ကျစေမည့်နည်း ၉ သွယ်
» Viber ကို PC မှာ မြန်မာလိုကောင်းမွန်စွာအသုံးပြုနိုင်ပါပြီ။
» ဖုန်းတွေကိုမြန်မာဖောင့်ထည့်နည်း